10 Things to prepare during university time / တက္ကသိုလ်ဘဝကိုအကျိုးရှိရှိအသုံးချဖို့အချက်၁၀ချက်
- Yuli Shein
- Nov 30, 2020
- 1 min read
Updated: Dec 6, 2020
ဆယ်တန်းပြီးခါစ တက္ကသိုလ်ဘဝဟာ စိတ်လှုပ်ရှားစရာကောင်းလှသလို၊ မသေချာ မရေရာမှု များနဲ့ ဝေဝါးနေတတ်ပါတယ်။ သင်ဟာ တက္ကသိုလ်တက်နေဆဲ ကျောင်းသားကျောင်းသူတစ်ယောက် ဆိုရင်တော့ သင်ရဲ့ တက္ကသိုလ်ဘဝကို ဘယ်လိုအကျိုးရှိရှိအသုံးချသင့်လဲဆိုတာကိုသိရှိစေဖို့ ဒီဆောင်းပါးလေးမှာ အသေးစိတ်ဖော်ပြထားပါတယ်။
If you want to read English Version, please read in this 10 Things to prepare during university time

1.ပရဟိတလှုပ်ရှားမှုတွေမှာပါဝင်လုပ်ကိုင်ပါ

ကျောင်းတက်နေစဉ်ကာလတစ်လျှောက် ကျောင်းတွင်း အားကစားအသင်း၊ ဂီတအဖွဲ့၊ ပြင်ပပရဟိတအဖွဲ့အစည်းတွေမှာ ပါဝင်လှုပ်ရှားပါ။ ဒီလို အသင်းအဖွဲ့တွေမှာ ပါဝင်ခြင်းဖြင့် စိတ်တူကိုယ်တူ အပေါင်းအသင်းတွေ သာမက ဘဝလက်တွဲဖော် တွေနဲ့ပါ တွေ့ဆုံရနိုင်ပါတယ်။
2.မိမိဝါသနာကိုပျိုးထောင်ပါ

တက္ကသိုလ်ကျောင်းသားဘဝဟာ နှစ်ခါပြန်မရတယ့် အရာတစ်ခုပါ။ ဒါကြောင့် လွတ်လပ်တယ့် လူငယ်ဘဝကြီးမှာ ကိုယ်ဝါသနာပါတာ တွေကိုလုပ်ပြီး ပျော်ပျော်ကြီး ကုန်ဆုံးလိုက်ပါ။
3.မရှိမဖြစ်အသုံးလိုတယ့်softwareတွေကိုသုံးတတ်ပါစေ

တက္ကသိုလ်ဟာ အခြေခံပညာနဲ့ အလုပ်ခွင်ကြားကမှတ်တိုင်တစ်ခုပါ။ ဒါ့ကြောင့် လုပ်ငန်းခွင်မဝင်ခင်မှာ ခေတ်နဲ့အညီ အင်တာနက်နဲ့ ဒစ်ဂျစ်တယ်နည်းပညာဗသုသုတတွေကို အကျွမ်းတဝင်ရှိအောင်လေ့လာထားသင့်ပါတယ်။
အကယ်၍ ကျောင်းမပြီးခင် အလုပ်လုပ်ချင်သူတွေအတွက်လည်း ဒီလို ကျွမ်းကျင်မှုတွေ တတ်မြောက်ထားခြင်းအားဖြင့် ပိုမိုအဆင်ပြေနိုင်ပါတယ်။
4.အတန်းပြင်ပ ပညာတွေကိုရှာမှီးပါ

ဉာဏ်ရည်နှင့် ခွန်အားထက် ပြောင်းလဲခြင်းကို အကောင်းဆုံးလက်ခံနိုင်ခြင်းသည် အဓိကကျ၏။ -ချားလ်စ် ဒါဝင် Charles Darwin
ဘယ်လောက်ပဲ ထက်မြက်တဲ့သူဖြစ်နေပါစေ၊ အများနဲ့ အတူတကွပူးပေါင်းဆောင်ရွက်မှု၊ အချိန်ကို အကျိုးရှိရှိအသုံးချမှုတွေ မလုပ်တတ်နေသေးသရွေ့ ကိုယ့်ရဲ့ အရည်အချင်းတွေ အလကားဖြစ်နေမှာပါပဲ။ဒါကြောင့် တက္ကသိုလ် ဘဝမှာ ဒီလို ပညာတွေကိုလည်းတတ်မြောက်အောင် သင်ယူသင့်ပါတယ်။
5.စာဖတ်ပါ

အလိမ္မာစာမှာရှိ ဆိုတယ့်အတိုင်း စာဖတ်ခြင်းဟာ အသိပညာကိုတိုးပွားစေပါတယ်။ ယနေ့ခေတ်မှာတော့ သတင်းစာ၊ဂျာနယ်စာအုပ်တွေကသာမက အင်တာနက်မှတစ်ဆင့်လည်း သတင်းဗဟုသုတတွေကိုရှာမှီးနိုင်ပါတယ်။
စာဖတ်ရာမှာ ရရှိလာသောဗဟုသုတတွေကို လက်တွေ့ဘဝမှာ ပြန်လည်အသုံးချသင့်သလို
သုတ ရသ ညီမျှအောင်ဖတ်ရှု ဖို့လည်းအရေးကြီးလှပါတယ်။
6.ဘယ်အခွင့်အရေးအတွက်မဆို အဆင်သင့်ဖြစ်နေပါစေ

ယနေ့ခေတ်မှာ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုများပြားလာပြီ ဖြစ်တယ့်အတွက် သင့်ဘက်က အဆင်သင့်ဖြစ်နေဖို့ပဲ လိုအပ်ပါတယ်။
ပညာသင်ဆု ကအစ အလုပ်အကိုင် အခွင့်အလမ်းတွေ အတွက်ဆို CVပြင်ခြင်းနဲ့ လူတွေ့အင်တာဗျူးဖြေခြင်းဟာ မရှိမဖြစ်အရေးပါပါတယ်။ ဒါတွေအတွက် အဆင်သင့်ပြင်လျင်တယ် ဆိုရင်တော့ မိမိရဲ့ စီနီယာတွေကို မေးမြန်းတာဖြစ်ဖြစ် ၊ လုပ်ငန်းခွင်ကျွမ်းကျင် အစီအစဉ်တွေမှာ ပါဝင်တာဖြစ်ဖြစ်လုပ်သင့်ပါတယ်။
ဒီအတွက် လျှောက်ထားလိုတယ့် program ၊ အဖွဲ့အစည်းတွေရဲ့ website တွေ၊ Facebook Page တွေမှာ လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိမရှိ သွားရောကကြည့်ရှုနိုင်ပါတယ်။လိုအပ်ချက်နဲ့ ကိုက်ညီမှုမရှိသေးရင်တော့ လိုအပ်တယ့် အတွေ့အကြုံ ၊ အသိအမှတ်ပြုလက်မှတ်တွေကို စုဆောင်းထားဖို့လိုပါတယ်။
ဘယ် program ပဲလျှောက်သည်ဖြစ်စေ၊ လျှောက်ထားပြီး ရွေးချယ်မခံရရင်တောင်မှ မိမိရဲ့ လိုအပ်နေသည်များကို ပြန်လည်ဆန်းစစ်ကာ နောက်တစ်ကြိမ် အတွက် ပိုမိုကောင်းမွန်အောင်ပြင်ဆင်နိုင်စေပါတယ်။
သင်ဟာ အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် အဆင်သင့်ဖြစ်နေချင်သူ တစ်ဦးဆိုရင်တော့ Openfor Career Readiness Programမှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။
7.သင့်ရဲ့ လူမှုနယ်ပယ်ကိုချဲ့ထွင်ပါ

မိတ္တဗလ-အသိအကျွမ်းများခြင်းဟာ သင့်ရဲ့အလုပ်အကိုင်အခွင့်အလမ်းအတွက် အများကြီးအထောက်အကူပြုနိုင်ပါတယ်။ ဒါ့ကြောင့် ကျောင်းသားဘဝမှာတင် Linkedinလို website တွေမှာ အသိမိတ်ဆွေတွေ၊လေးစားအားကျရသူတွေနဲ့ ချိတ်ဆက်ထားလိုက်ပါ။
ကျောင်းပြီးတော့မယ့် လူငယ်တွေအနေနဲ့လည်း ဒီလို websiteတွေမှာ အချိန်ပြည့် အချိန်ပိုင်း အလုပ်တွေကိုရှာဖွေနိုင်ပါတယ်။
8.Internအလုပ်သင်ဆင်းပါ

အလုပ်သင်ဆင်းတာဟာ ကျောင်းမပြီးခင် လုပ်ငန်းအတွေ့အကြုံရဖို့ အကောင်းဆုံးနည်းလမ်းပါ။ အလုပ်အတွေ့အကြုံ ရစေတယ့်အပြင် ကိုယ်လုပ်ကိုင်နေတယ့်လုပ်ငန်းခွင်နဲ့ သင့်တော်မတော် သိသွားစေတယ်။
တက္ကသိုလ်တော်တော်များများမှာတော့ ကုမ္ပဏီတွေနဲ့ ချိတ်ပြီး အလုပ်သင်ဆင်းလို့ တော့ရတတ်ပါတယ်။အကယ်၍ မရခဲ့ရင်တောင်မှ ကိုယ်အလုပ်သင်ဆင်းချင်တယ့် အဖွဲ့အစည်း၊ ကုမ္ပဏီတွေရဲ့ Facebook page၊emailကတစ်ဆင့် ဆက်သွယ်စုံစမ်း နိုင်ပါတယ်။
9.ဘာသာစကားအသစ်တွေသင်ယူပါ

ဘာသာစကား အသစ်တစ်ခုသင်ယူခြင်းဟာ အလုပ်အကိုင်အခွင့်အလမ်း အတွက်သာမက သင့်ကို ခေတ်မီစေပြီး နိုင်ငံခြားသားတွေနဲ့ အလွယ်တကူ ပြောဆိုဆက်ဆံနိုင်စေမယ့်အပြင် အခြားနိုင်ငံတွေရဲ့ ယဉ်ကျေးမှုတွေနဲ့ရင်းနှီးလာစေမှာပါ။ သင်ကြိတ်ကြွေနေတယ့် crushလေးကိုလည်း ဒီဘာသာစကားအသစ်တွေနဲ့ အထင်ကြီးအောင် လုပ်လို့ရတာပေါ့။
10.ပျော်အောင်နေပါ

တစ်ဘဝမှာ တစ်ခါပဲကြုံရတယ့် တက္ကသိုလ်ကျောင်းသားဘဝကြီးမှာ မလုပ်ဖူးတာတွေ အကုန်လုပ်ပစ်လိုက်ပါ။ သူငယ်ချင်းတွေနဲ့ ခရီးတွေထွက်၊ကျောင်းကန်တင်းက မုန့်တွေအစုံဝယ်စား၊ ခင်ချင်တယ့် လူတွေကိုမိတ်ဖွဲ့ပြီးတက္ကသိုလ်တစ်ခွင် ပြဲပြဲစင်အောင် အမှတ်တရခြေရာတွေချန်ခဲ့လိုက်ပါနော်။
Comments